Pages

Ads 468x60px

Labels

Featured Posts

This is default featured slide 1 title

သင်းကွဲငှက်

This is default featured slide 2 title

Easy to customize it, from your blogger dashboard, not needed to know the codes etc. Video tutorial is available, also a support forum which will help to install template correctly. By DeluxeTemplates.net

This is default featured slide 3 title

Easy to customize it, from your blogger dashboard, not needed to know the codes etc. Video tutorial is available, also a support forum which will help to install template correctly. By DeluxeTemplates.net

This is default featured slide 4 title

Easy to customize it, from your blogger dashboard, not needed to know the codes etc. Video tutorial is available, also a support forum which will help to install template correctly. By DeluxeTemplates.net

This is default featured slide 5 title

Easy to customize it, from your blogger dashboard, not needed to know the codes etc. Video tutorial is available, also a support forum which will help to install template correctly. By DeluxeTemplates.net

Wednesday, January 2, 2013

အလွမ်းနဲ့ ရေးထားသောကျောက်စာ


အတိတ်ရဲ့ အခမ်းအနားမှာ
အနမ်းခြေရာများနဲ့
ကစဥ့်ကလျား ခရီးဆက်
လွမ်းသက်က ရှည်လျား
ခရီးသွား ငါတစ်ယောက်
ဖွေရှာထောက်ပေမယ့်
ဖြေစရာ ပျောက်နေဆဲ...။
သူ ဘယ်ရောက်နေလဲ
ဆင့်ကဲတက်လာတဲ့ မျက်ရည်အလျင်
မိုးအသွင် ရွာချ
ခဏ ခဏ
လွမ်းရတာကလည်း အမှတ်တရ...။
ဝေးခဲ့တာက ကြာပါပြီ
ဒါပေမယ့် သူ့အရိပ်အသွင်တွေက
မမြင်ရသော်လည်း မမေ့ 
မတွေ့ရသော်လည်း ထင်နေမြဲမို့
အသည်းကွဲသူများရဲ့ ကျောက်စာမှာ
ဝေဒနာဓားသွားနဲ့
အလွမ်းများ ရေးသားနေမိ
သူ သိရဲ့လားကွယ်...။

                                                                     သင်းကွဲငှက်

Tuesday, January 1, 2013

ကြယ်စင် အလင်း

 အရောင်တွေဆိုးမထား
အဖြူကြည်လွှာ ပါးပါးနဲ့
ကွန်ယက်ထားတဲ့ ကောင်းကင်
နေပူရင် အရိပ်ထိုးမယ်
မိုးရွာတဲ့အခါ ထီးမိုးပေး
နှင်းဖွေးဖွေးကျပြန်တော့
အနွေးထည်လှလှတစ်စုံပေါ့နော်...။
မာယာတွေကို မခုံမင်ခဲ့
ကောက်ကွေ့ခြင်း ကင်းစင်လို့
အဖြောင့်စင်းဆုံး မြစ်ယံကြောမှာ
ပန်းမွေ့ယာနဲ့ အတူစီးမျော
528...သင်္ချာသဘောအရ
သုခကို မမျှချင်နေ
ဒုက္ခတွေ ဝေယူခွဲခြမ်းစားဖို့
ကိုယ်တိုင်ရဲရဲရင့်ရင့် လက်ကမ်းခဲ့တာပါ...။
မွေးဖွားလာကတည်းက
ကံဇာတာမှာ ကွပ်လက်တွေပြ
မပြည့်စုံတဲ့ ဘ၀ဆိုတာ
လမင်းလောက်မစွမ်းသာပေမယ့်
ကိုယ်တက်နိုင်သမျှ ကိုယ်ပိုင်
ကိုယ်စွမ်းရာ ကိုယ်နိုင်သမျှ
မင်းဘ၀ရောင်ခြည်လာရေး
အမှောင်တွေ ဖယ်ပေးချင်မိတယ်...။
သံသယတွေ သယ်မလာပါနဲ့လား
အရောဝင်ခြင်း အမျိုးမျိုးထဲက
သည်ကြယ်ရဲ့ အရောဝင်ခြင်းဟာ
မင်းကို အလင်းပေးဖို့သက်သက်ပါ
ရတယ်.....
တိမ်ဖုံးနေတဲ့ အချိန်
ငါ့အတွက် ၀မ်းမနည်းပါနဲ့
အနှောင့်အယှက်မရှိ တောက်ပခွင့်သာ
ကူညီဆုတောင်းပေးပါ  သူငယ်ချင်း......။

                                                                                   သင်းကွဲငှက်

နွေမှာဖွားတဲ့ သမုဒယငှက်

 ရူးသွားတာ မဟုတ်နိုင်ဘူး
ထူးခဲ့တာတော့ သေချာတယ်
ဘာမှမရှိခဲ့တဲ့ ရင်ခွင်က
အခုအလွမ်းသစ်ပင်တွေနဲ့
အဲဒီ အပင်ပေါ်မှာမှ
အပူတေးဆိုနေတဲ့
လွမ်းချိုသွေး ဥသြငှက်တစ်ကောင်...။
အတောင်ပံတွေ ဖြန့်
နွေခေါင်ခေါင် အလယ်မှာ
လေပူလာရာ ကျောဆန့်ရင်း
တစ်ပတ်ပြီးတစ်ပတ်
ရာသီစက်လည်နေကြောင်းကို တွေး
ပြီးတော့......
ခပ်ဆွေးဆွေးလေးနဲ့
ရော်ရွက်တွေ ကြွေကျတာငေးလို့.....။
တွေးမထားခဲ့ပါဘူး
ဒါပေမဲ့ ရောက်လာတက်တဲ့ မင်းအကြောင်းတွေ
ရေးသားခဲ့ စာရွက်ကြမ်းတွေကလည်း
ရင်ခုန်သံဆောင်ရာ မင်းအတွက်
နှလုံးသား မှတ်တမ်းအဖြစ်နဲ့
သက္ကရာဇ်တိုင်းမှာ
ကမ္ဗည်းရေးထိုးထားခဲ့ပေမယ့်
အလစ်ခြောင်းမျောင်းနေတဲ့
မရိုးနိုင်ဘာသာရပ်တစ်ခုက
အချစ်ရဲ့ မြေနိပ်ကွပ်လက်မှာ
လှံချက်တွေ တရစပ်ထိုးစိုက်ချခဲ့
မျှော်လင့်ချက်က လှပနေလည်း
အချစ်ရေ..........
ပစ္စုပ္ပန်ဆိုတာ ကြမ်းရှလွန်းပါတယ်ကွယ်..။

                                                                       သင်းကွဲငှက်


နေလောင်....နှင်း


 ကြွေးကြော်ခဲ့ဘူးတယ်
အချစ်ရဲ့ ဆည်းဆာမှာ
တိမ်လွှာ မပါဘူးလို့...။
ယုယခဲ့ဘူးတယ်
သူပြုသမျှ
ဝေဒနာ အထပ်ထပ်
နှစ်သက်ဖူးလို့...။
သတိရခဲ့ဘူးတယ်
အနုအလှ
သမုဒယ နယ်တစ်လျှောက်
ပန်းတွေ အတူကောက်ဆဲ
ဆည်းလည်းသံလေးများ တေးဆို
နားဝင်ချိုဘူး...လို့..။
အော် ... အခုတော့လည်း
ဆောင်းလာလို့ နှင်းရောက်ပေမယ့်
နေလာလို့ နှင်းပျောက်လေသလို
သူ့အလိုတိုင်း မှုန်းဝါးကွယ်ပျောက်
ဘေးရောက်စေသားလို့
ငါ စကားမဆိုခဲ့ဘူးနော်....။

                                                         သင်းကွဲငှက်

မြူနှင်းသက်သေ နွေမျက်ရည်


 ဆောင်းနှင်းလေ အေးပေမယ့်
ရင်အညှာမှာ
ပူတွေးကာ ကြိတ်ဆွေးနေရ
ဟို တစ်ချိန်ကပေါ့
ပုခုံးပေါ် ခေါင်းနွဲ့မှီလို့
မျက်စချီ အပြုံးလှနဲ့
မူကာသတဲ့ သူ့ဟန်ပန်
ကဗျာဆန်လိုက်သည့် ဖြစ်ခြင်း..
ကြည့်မိသူ ရင်တွင်းမှာ
နှောင်ကြိုးတွေရစ်ပက်
တေးသီဆို ပန်းနုရောင်နှုတ်ခမ်းအထက်က
သာယာချို ပျားရည်စက်စကား
အခုထိ ပြန်ကြားနေမြဲ...။
တွေ့ဆုံခဲ့ကြခြင်းက
ဝေးကွာကြဖို့မှ မဟုတ်ပဲကွယ်
ကံကြမ္မာကြွေးမို့
တစ်မြေဆီကွာဝေး
အခြေအနေ မပေးလည်း
အတွေးတိုင်းမှာ မင်းရှိ
အသိတိုင်းမှာ မင်းပါ
အရာရာ မင်းအတွက်ပေးဆပ်ရင်း
တစ်ရက်ထက်တစ်ရက်
ရင့်ကျက်လာတဲ့ အမှတ်တရမှိုင်းက
သက်ပြင်းတွေနဲ့ အကွက်ချစိုင်းဆဲ
ခြေလှမ်းမကျဲတဲ့ သည်ချစ်ခြင်းမှာ
ငါ ဖွဲ့သမျှ သီချင်းတွေရဲ့အင်အား
မင်းအတွက်.....
နှင်း ဖြစ်ပါစေသားကွယ်...။

                                                                        သင်းကွဲငှက်


Monday, December 31, 2012

Mother!s home


ဘုရားခန်းမှာ ထိုင်
အတွေးပေါင်းဆုံနဲ့ မျက်နှာချင်းဆိုင်ရင်း
အမှတ်မထင် 
ကောင်းကင်ကို မော့ကြည့်တော့
ကျိုးတို့ကျဲတဲ ခေါင်မိုးကြားမှာ
လင်းနေတဲ့ လမင်းက
ပြီတီတီမျက်နှာနဲ့
ချိုကြည်စွာ ပြောင်ရီလို့
ကြယ်ကလေးတွေကလည်း
လှောင်ပြုံးတစ်ချက်နဲ့
ငါ့ဘ၀ကို
ဝေဖန်သုံးသပ်လို့ပေါ့....
သင်းတို့ မေ့နေကြသလော
အမေရှိရင် ပိုက်ဆံရှိတယ်ဆိုတဲ့စကားက
မေတ္တာတရားကနေ
ဆင့်ပွားခဲ့တာပါ
ဝင့်ကြွားစွာ တစ်ခုပြောပြမယ်
အမြင်မှန်ပေါ် ရပ်ကြည့်ရုံနဲ့
အမှန်ကို မြင်နိုင်ပါ့မလား......?
ကံကြမ္မာ အလိုက်လွဲတဲ့ပွဲမှာ
အဆောင်အယောင်မွဲနေပေမယ့်
အမေဆောက်ထားတဲ့ သည်တဲက
လေပြေမပြောနဲ့
မုန်တိုင်းတောင် မဝှေ့နိုင်ဘူး
မိုးပြိုလို့ မြေအက်
မီးတောင်တွေ ပေါက်ကွဲထွက်ပါစေအုံးတော့
အနှိုင်းမဲ့ မေတ္တာဖြင့်တည်သောတဲအိမ်
မိုးတိမ်တွေ ဘယ်လောက်ပြိုပြို
ငါ မငိုပါဘူး
ခေါင်မိုးက ယို
ထရံကာ လေခိုပေမယ့်
အမေအို လောင်းရိပ်တည်သ၍
မြင့်မိုရ်ထက် ကြီးမြတ်တဲ့အကာအကွယ်နဲ့
အရာအားလုံးဟာ
အခမ်းနားဆုံး
အနန္တပြည့်စုံတယ်.....။

                                                                                အမေများသို့
                                                                                    ထာဝရ ဦးညွတ်လျှက်
                                                                                              သင်းကွဲငှက်
 
 

http://r29.cooltext.com/rendered/cooltext915542719.gif