Pages

Labels

Tuesday, January 1, 2013

နေလောင်....နှင်း


 ကြွေးကြော်ခဲ့ဘူးတယ်
အချစ်ရဲ့ ဆည်းဆာမှာ
တိမ်လွှာ မပါဘူးလို့...။
ယုယခဲ့ဘူးတယ်
သူပြုသမျှ
ဝေဒနာ အထပ်ထပ်
နှစ်သက်ဖူးလို့...။
သတိရခဲ့ဘူးတယ်
အနုအလှ
သမုဒယ နယ်တစ်လျှောက်
ပန်းတွေ အတူကောက်ဆဲ
ဆည်းလည်းသံလေးများ တေးဆို
နားဝင်ချိုဘူး...လို့..။
အော် ... အခုတော့လည်း
ဆောင်းလာလို့ နှင်းရောက်ပေမယ့်
နေလာလို့ နှင်းပျောက်လေသလို
သူ့အလိုတိုင်း မှုန်းဝါးကွယ်ပျောက်
ဘေးရောက်စေသားလို့
ငါ စကားမဆိုခဲ့ဘူးနော်....။

                                                         သင်းကွဲငှက်

0 comments:

Post a Comment

 

http://r29.cooltext.com/rendered/cooltext915542719.gif