နှင်းဆီပန်းတစ်ပွင့်ရဲ့
ခပ်လဲ့လဲ့အပြှုံးဆင်ယင်မှုက
ကန္တာရလွင်ပြင်ကျယ်ကို
ရှင်သန်ခြင်းတွေဖြစ်စေခဲ့တယ်။
ကြားဖူးတာပဲ
လမင်းရဲ့အလင်းရောင်က
မီးတောင်ကိုဖောက်ခွဲမယ့်
မိုက်ရူးရဲဓားသွားတစ်လက်တဲ့...
မိုးစက်လေးတွေကျသံ
စမ်းချောင်းကလေးရဲ့ရယ်မောသံတွေထက်
ဂလောက်ဆန်တဲ့ရင်ခုန်သံတွေ
ပိုပြင်းထန်ကျယ်လောင်ခဲ့တာ
နတ်သမီးခြေသံက
ဆန်းကြယ်စေခဲ့တာလား...?
မရင်းနှီးသေးတဲ့အက္ခရာက
ဘာမပြောညာမပြောနဲ့
နှလုံးသားကိုစီးချင်းထိုး
လူဆိုးရဲ့ရင်ခွင်ရိုင်းမှာ
အယဉ်ပါးဆုံးပန်းတွေပျိုးချ
စနစ်တကျဖွဲ့စည်းထားတဲ့ခံတပ်တွေ
အယိုင်ယိုင်ပြိုကျခဲ့တာပါ...
ကောင်မလေး မင်းက
အမြဲတမ်းပြုံးရယ်နေတက်သူပါ
ဒါပေမယ့်.....
အပြုံးတိုင်းမှာအလှရှိပါ့မလား...?
ဒီလို သံသယမျှားချက်တွေက
ရင်ထက်မှာတစ်စင်းပြီးတစ်စင်းစိုက်
စစ်မတိုက်ခင်အလံဖြူပြလိုက်ရတဲ့
ဒဏ်ရာရသူရဲကောင်းတစ်ယောက်လို
ငါ့နှလုံးသားဟာ
ကတောက်ကဆစိတ်အစဉ်တွေနဲ့ရူး
ပထမဦးဆုံးခြေလှမ်းမှာတင်
ဆူးစူးခံလိုက်ရတဲ့ အဖြစ်ပေါ့နော်...။
0 comments:
Post a Comment